Breaking News

First Aid Basic Training

This image has an empty alt attribute; its file name is 367387533_154780487647652_825304625265256463_n-1024x576.jpg

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

ကျိုက်လတ် သြဂုတ် ၁၁ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊စုဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ် (၂/၂၀၂၃) နှင့် အမှတ်စဉ် (၃/၂၀၂၃)ဆင်းပွဲ ကျင်းပခဲ့သည်။အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းများကိုတက်ရောက်သည့်အတွက် မိမိ၏မိသားစုနှင့်မိမိဒေသအကျိုးအတွက် လိုအပ်သည့် အရေးပေါ်အချိန်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းသားများကလည်း ယခုသင်တန်းများမှ စာတွေ့၊လက်တွေ့သင်ကြားပို့ချမှုများကို မိမိဘဝ၊မိမိပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါအကျိုးရှိအောင် အသုံးပြုကြစေလိုကြောင်းထည့်သွင်းပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစိန်ဝှီးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်တို့က သင်တန်းဖွင့်လှစ်ရခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကို သင်တန်းသား (၈၀)ဦးအနေဖြင့်မှန်ကန်သောအသိ၊ကိုယ်ပိုင်ကြိုးစားမှုအစွမ်းအစတို့ဖြင့် လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန်ဆက်လက်ကြိုးစားသင့်ကြောင်းတို့ကို ပြောကြားခဲ့သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစိန်ဝှီးနှင့်တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌက အစိုးရစက်မှုလက်မှုသိပ္ပံအတွက် အမှတ်တရပစ္စည်းများပေးအပ်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ဆရာကြီးက မြို့နယ်ကြက်ခြေနီအသင်းအတွက် အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။