Breaking News

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဝေခြင်းနှင့်သုံးစွဲခြင်းစသည့်အပိုင်းများ နှင့်သက်ဆိုင်သော power ပိုင်းနှင့် control ပိုင်းဆိုင်ရာအကြောင်းအရာများကိုသင်ကြားပေးသောအတတ်ပညာကို လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်ဟုခေါ်သည်။ ၃ နှစ်တာအတွင်းလေ့လာသင်ယူရမည့်ဘာသာရပ်များမှာလျှပ်စစ်နှင့်ပတ်သက်သောအခြေခံသဘောတရားများ၊ သီအိုရီများ၊ ဥပဒေသများကိုစာတွေ့၊လက်တွေ့သင်ယူရမည့်အပြင်လျှပ်စစ်ဖြစ်ပေါ်လာပုံ၊ လျှပ်စစ်သံလိုက်လှိုင်းများအကြောင်း၊AC နှင့် DC လျှပ်စစ်၊ Transformer အမျိုးအစားများနှင့် အခြေခံသဘောတရားများ၊လျှပ်စစ်ပတ်လမ်းရှိ၊ ဗို့အားနှင့်ပါဝါများကိုတိုင်းတာခြင်း၊တွက်ချက်ခြင်း motor, generator များတည့်ဆောက်ပုံ၊ လည်ပတ်ပုံနှင့် ထိန်းသိမ်းပြုပြင်ပုံ၊ လျှပ်စစ်ပတ်လမ်းများ (circuit) နှင့် ၎င်းပတ်လမ်းများထဲတွင်ပါဝင်သော components အကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် အကာအကွယ်ပြုခြင်းဆိုင်ရာအကြောင်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့်သွယ်တန်းရာတွင်လိုအပ်သောအသုံးပြုပစ္စည်းများအကြောင်း၊ အဆောက်အဦးများ၌လျှပ်စစ်မီးသွယ်တန်းတပ်ဆင်ရန်ဒီဇိုင်းရေးဆွဲခြင်းနှင့်ကုန်ကျစရိတ်များတွက်ချက်ခြင်းစသည့်တို့အား လေ့လာသင်ယူရမည်ဖြစ်ပါသည်။

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(ပထမနှစ်)ဘာသာရပ်သင်ရိုးညွှန်တမ်း  
NoSubjectCode
1Myanmar M-11011, 12011
2English E-11011, 12011
3Engineering MathematicsEM-11011, 12011
Engineering SciencesES-11011, 12011
Engineering MechanicsME-11015, 12015
Basic Technical DrawingME-11011, 12011
Basic ElectricityEP-11011, 12011
Basic Analog ElectronicsEP-11014, 12014
Electrical Lab

NoSubjectCode
1English E-21011, 22011
2Engineering Mathematics EM-21012, 22012
3Mechanical Engineering Fundamentals ME-21031, 22034
4Engineering Circuit Analysis EP-21011, 22011
5Electrical Machine EP-21021, 22021
6Generation, Transmission and DistributionEP-21013, 22013
7Electrical Wiring Design and IlluminationEP-21015, 22015
Electrical Lab

NoSubjectCode
1EnglishE-31011, 32011
2Electrical Safety & ProtectionEP-31012, 32012
3Generation, Transmission and DistributionEP-31014, 32014
4Electrical EstimatingEP-31015, 32015
5Electrical MachineEP-31022, 32022
6Industrial Motor ControlEP-31011, 32011
7Electrical Lab