Breaking News

သင်္ချာဌာန

သင်္ချာဘာသာရပ်ကို A.G.T.I ပထမနှစ် နှင့် A.G.T.I ဒုတိယနှစ် တို့သာ သင်ကြားပါသည်။ A.G.T.I ပထမနှစ်တွင် First Semester (Ma-11011) နှင့် Second Semester (Ma-12011) ဟူ၍၎င်း A.G.T.I ဒုတိယနှစ်တွင် First Semester (Ma-21021) နှင့် Second Semester (Ma-12011) ဟူ၍ ခွဲထားပါသည်။ အင်ဂျင်နီယာ သင်္ချာဘာသာရပ်ကို သင်ကြားသင်ယူမှုလုပ်ငန်းစဉ် ထိရောက်စေရန် ကျွမ်းကျင်မှုရရှိနိုင်မည့် သင်ယူလေ့ကျင့်မှု လုံလောက်သော Lesson Plan များကို ဆရာ/ဆရာမ များကရေးဆွဲကြပါသည်။ ကျောင်းနှင့်လက်တွေ့ဘဝအခြေအနေများတွင် ပြဿနာများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ဖြေရှင်းရန် သင်္ချာကိုအသုံးပြုပြီး သင်္ချာဘာသာစကားနှင့် သင်္ကေတများကို နားလည်ပြီး အသုံးပြုတက်လာအောင် သင်ကြားပေးကြပါသည်။ ကျောင်းသူ/ကျောင်းသားများ၏ အင်ဂျင်နီယာ သင်္ချာဘာသာရပ် စွမ်းဆောင်ရည်တိုးတက်စေရန် ကျောင်းသူ/ကျောင်းသားများ လပတ်စာမေးပွဲများစစ်ဆေးခြင်း စစ်ဆေးပြီးနောက် ကျောင်းသူ/ကျောင်းသား အများစု မှားလေ့မှားထ ရှိသော အကြောင်းအရာ အချက်အလက်များကို ပြန်လည်ရှင်းပြကြပါသည်။ ကျောင်းသူ/ကျောင်းသားများကို အင်ဂျင်နီယာ သင်္ချာဘာသာရပ် အရေးပါပုံနှင့် အင်ဂျင်နီယာ သင်္ချာဘာသာရပ် များအတွက်အထောက်အပံ့အဖြစ်အသုံးဝင်ပုံများကိုလည်း ဆရာ/ဆရာမ များမှ အထွေထွေ ဗဟုသုတ မျှဝေပေးကြပါသည်။ ကျောင်းသူ/ကျောင်းသားများ၏ အင်ဂျင်နီယာ သင်္ချာဘာသာရပ်နှင့် ပတ်သက်ပြီး ကျွမ်းကျင်တက်မြောက်မှုကို စစ်ဆေးရန်အတွက သင်္ချာစွမ်းရည်ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပါသည်။

သင်္ချာဆရာ၊ ဆရာမ များစာရင်း

သင်္ချာဌာန၏ဆရာ/ဆရာမ များစာရင်း

စဉ်အမည်ရာထူးမှတ်ချက်
ဒေါ်သဇင်နွယ်နည်းပြ
ဦးမြတ်ရှင်းသန့်နည်းပြ